သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီးရာထူး (၄၂) နေရာအတွက် ရေးဖြေစာမေးပွဲ ကျင်းပမည့် နေ့ရက်၊ အချိန် ၊ နေရာ နှင့် ခုံအမှတ်များ ကြေညာခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီး (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး (၄၂) နေရာအတွက် ရေးဖြေစာမေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း ပြောင်းလဲကျင်းပသွားမည် ဖြစ်ပါကြောင်း နှင့် စာမေးပွဲဖြေဆိုရမည့်နေ့ရက်အား ပြန်လည်ကြေညာပေးမည်ဖြစ်ပါကြောင်း ၁၅-၆-၂၀၂၀ ရက်နေ့တွင် အသိပေးကြေညာခဲ့ပါသည်။
တောအုပ်ကြီးရာထူး(၄၂)နေရာ ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲကို နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် (၄)ခုတွင် စာစစ်ဌာန(၄)ခုခွဲ၍ အောက် ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

date: 
Monday, June 29, 2020 - 16:15