မင်းကင်းမြို့နယ်အတွင်း တာယာဘီးတပ်လှည်း(၂)စီးနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၆-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်း/တန့်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနတို့မှ တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ စမြင်ငယ်ချောင်းဘေး၊ မြောင်းဇင်းချောင်းဘေးနေရာတို့၌ တရားမဝင်အင်/ကညင်သစ်/ခွဲသား (၁၁၈)လုံး/ချောင်း (၂၄)တန်အား တာယာဘီးတပ်လှည်း(၂)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, July 1, 2020 - 09:30