ကနီမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၉-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ ရေဖြူကျေးရွာ၏ အရှေ့မြောက်ဖက် (၂)မိုင်ခန့် အကွာတောအတွင်း၊ ဘုတလက်ချောင်းအနီးတွင် မော်တော်ယာဉ်အမှတ်-YGN-8G/7491 CANDA ဖြူပြာကြား ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၄၁)ချောင်း (၄)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, July 1, 2020 - 15:15