သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်သိန်းမှမှော်ဘီမြို့ရှိ သင်တန်းကျောင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပ သင်တန်းများ ဖွင့်လှစ်ကျင်းပလျက်ရှိပါသည်။ လတ်တလော ဖြစ်ပွားရသည့် COVID-19 ကူးစက်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် ပုံမှန် သင်တန်းအစီအစဉ်များ မတ်လမှ စတင်၍ ယာယီ ရပ်ဆိုင်းထားပြီး ယခုကာလအတွင်း သင်တန်းကျောင်း အဆောက်အဦ ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေး လှပရေးလုပ်ငန်းများ အလေးပေး ဆောင်ရွက်လျက်ရှိသည့်အပြင် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများကို သင်တန်းကျောင်း အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်၊ သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်သိန်း၏ “မှော်ဘီမြို့ရှိ သင်တန်းကျောင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း” ခရီးစဉ်အတွင်း ၅-၇-၂၀၂၀ ရက်နေ့တွင် AFoCO RETC သင်တန်းကျောင်းသို့ ကြည့်ရှု စစ်ဆေးရာတွင် ဦးနေမျိုးဝင်း (ဦးစီးအရာရှိ)မှ စီမံကိန်းဆိုင်ရာ လုပ်ငန်းများနှင့် COVID-19 ရောဂါ ထိန်းချုပ်ရေးအတွက် သင်တန်းများ ယာယီရပ်ဆိုင်းထားစဉ် ကာလအတွင်း ဆောင် ရွက်ခဲ့သည့် လုပ်ငန်းများ၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်မှု များအကြောင်း ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက် သင်တန်းကျောင်း၊ ဝန်ထမ်းအိမ်ရာနှင့် Experimental Forest သို့ သွားရောက် စစ်ဆေးခဲ့ကာ COVID-19 ရောဂါနှင့်ပတ်သက်၍ အထူးဂရုစိုက် နေထိုင်ရန်၊ ဝန်ထမ်းများ ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာပြီး ဝန်ထမ်းများ စွမ်းဆောင်ရည် တိုးမြှင့်စေရေး အမြဲတမ်း လေ့လာဆည်းပူး ဆောင်ရွက်ကြရန်၊ Experimental Forest တည်ထောင်မည့် ဧရိယာအတွင်း သစ်တောလမ်းများကို ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် ပွင့်လင်းရာသီတွင် တိုးချဲ့ပြင်ဆင်နိုင်ရေး AFoCO Secretariat မှ Program Officer နှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ ဝန်ထမ်းအိမ်ရာများနှင့် အဆောက်အဦများ သန့်ရှင်းသာယာလှပရေး ဂရုစိုက်ဆောင်ရွက်ရန် ညွှန်ကြားရေးမှူးမှ လမ်းညွှန်မှာကြားခဲ့ပါ သည်။

date: 
Tuesday, July 7, 2020 - 13:15