ဖြူးမြို့နယ်၊ ရန်ကုန်- မန္တလေးလမ်းဟောင်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၇-၇-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စုံစမ်းစစ်ဆေးရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၏တောင်ဘက် ရန်ကုန်- မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ်(၁၀၅/၀)မိုင်၊ Terminal စက်သုံးဆီအရောင်းဆိုင်အနီးတွင် မော်တော်ယာဉ် အမှတ် (5E/7692) Foton TX 4511၊ အဖြူရောင်ယာဉ်(၁)စီးပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား(၈၈)ချောင်း (၀.၇၅၇၈)တန်၊ တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, July 10, 2020 - 14:30