ဆောမြို့နယ်၊ ကျောက်ထု-ထီးလင်းသွားကားလမ်းတွင် မော်တော်ယာဉ်(၁)စီး၊ မော်တော်ဆိုင်ကယ်(၁)စီး တရားမဝင်ထင်းရှူးများ ဖမ်းဆီးရမိ

၆-၇-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆောမြို့နယ်၊ ကျောက်ထု-ထီးလင်းသွားကားလမ်း၊ မိုင်တိုင်အမှတ်(၄/၄)နှင့် (၄/၅)မိုင်ကြားကားလမ်းမပေါ်တွင် မော်တော်ယာဉ်အမှတ် (3B/7151) NISSAN Diesel ခေါင်းတို(အပြာရောင်) (၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင်ထင်းရှူးပိဿာချိန် (၃၄၂၁)ပိဿာနှင့် မော်တော်ဆိုင်ကယ်(၁)စီး၊ တရားခံ(၄)ဦးတို့အားဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, July 10, 2020 - 14:30