မိုးညှင်းမြို့နယ်၊ ပင်းဟဲ-ဘီးလူးမြို့ကျေးရွာသွားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၈-၇-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ ပင်းဟဲ-ဘီးလူးမြို့ကျေးရွာသွားလမ်း၊ ပင်းဟဲရွာမြောက်ဘက်(၁.၅)ဖာလုံခန့်နေရာ၌ မော်တော်ယာဉ် အမှတ်မပါ ယမ်းဖောင်(၆)ဘီး(အစိမ်းရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းသစ်(၁၈)လုံး (၂)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, July 10, 2020 - 14:45