အလုံမြို့နယ်၊ MIP ဆိပ်ကမ်းအတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၉-၇-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ပြည်ပပို့သစ်တောထွက်ပစ္စည်းစိစစ်ထောက်ခံချက်ပြုရေးအဖွဲ့မှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မူးယစ်အထူးတပ်ဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အလုံမြို့နယ်၊ MIP ဆိပ်ကမ်းအတွင်း ရပ်တန့်ထားသော မော်တော်ယာဉ်အမှတ် (YGN 5A/9600) NISSAN Diesel (အဝါရောင်) ကုန်သေတ္တာတင်ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသားခန့်မှန်း (၁၀)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, July 10, 2020 - 15:30