ဘုတ်ပြင်းမြို့နယ်၊ လေညာ-ရတနာပုံလမ်းမိုင်တိုင်အမှတ်(၆)နေရာတွင် မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၁၂-၇-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘုတ်ပြင်းမြို့နယ်၊ လေညာ-ရတနာပုံလမ်းမိုင်တိုင်အမှတ်(၆)အနီးနေရာ၌ မော်တော်ယာဉ်(၂)စီးပေါ်မှ ကညင်/အောက်ချင်းစာသစ်/ ခွဲသား (၆၇)လုံး/ချောင်း (၉)တန်အား တရားခံ(၂)ဦးနှင့်အတူဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, July 14, 2020 - 16:15