ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ၏ နယ်နိမိတ်များ စိစစ်ခြင်းနည်းပညာဆိုင်ရာ အစည်းအဝေးကိုကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၁၄-၇-၂၀၂၀ ရက်နေ့ (၁၄:ဝဝ)နာရီအချိန်တွင် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ၏ နယ်နိမိတ်များ စိစစ်ခြင်းနည်းပညာဆိုင်ရာ အစည်းအဝေးကိုကျင်းပရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်မှ အဖွင့်အမှာစကားပြောကြားပါသည်။ အစည်းအဝေးအခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ၊ သစ်တောဦးစီးဌာန စီမံကိန်းနှင့် စာရင်းအင်းဌာနမှ လုပ်ငန်းဆက်စပ်သူများနှင့် အငြိမ်းစားသစ်တောပညာရှင်များ၊ ပြင်ပပညာရှင်များ၊ မိတ်ဖက်အဖွဲ့ အစည်းများက(Video Conference)ဖြင့် တက်ရောက်ဆွေးနွေးကြပါသည်။

date: 
Wednesday, July 15, 2020 - 13:15