မင်းကင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၅-၇-၂၀၂၀ ရက်နေ့မှ ၁၆-၇-၂၀၂၀ ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆောင်ရွက်လျက်ရှိရာ မင်းကင်း မြို့နယ်၊ သဖန်းတုန်းကြိုးပြင်ကာကွယ်တော၊ တဲကြီးကျေးရွာအနောက်မြောက်ဘက်နေရာ၊ ရွာတော်ကျေးရွာ ၏မြောက်ဘက်နေရာ၊ ကျောက်ပန်းကုန်းရွာ၏ အရှေ့ဘက်အနီးဝန်းကျင်နေရာများ၌ တရားမဝင်အင်/ ဘိုင်/ဆေးခါး/လက်ပံသစ်(၃၆)လုံး (၁၅)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, July 22, 2020 - 09:45