ဆိပ်ဖြူမြို့နယ်၊ ကိုးတောင့်ကျေးရွာအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၃-၇-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆိပ်ဖြူမြို့နယ်၊ ကိုးတောင့်ကျေးရွာ၏အနောက်မြောက်ဘက်(၁.၅)မိုင်ခန့်အကွာ သရက်ပင်ကန်ဘုရားအနီး နေရာ၌ မော်တော်ယာဉ်အမှတ်မပါ HINO (၆)ဘီး ခေါင်း(စိမ်း/ဖြူ)ကြားယာဉ်ပေါ်မှ တရားမဝင်သင်းဝင်/ကုက္ကို/ယင်းမာ/သန်း/ဖျောက်ဆိပ်/နဘဲ/ဒီဒူး/ဒဟတ်/တယ်ခွဲသား (၅၆)ချောင်း (၇)တန်နှင့် မျှင်ဝါး(၁၀၅)လုံးတို့အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, July 27, 2020 - 11:15