ကလေးဝမြို့နယ်အတွင်း ထွန်စက်(၃)စီးနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၄-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့ ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်းကားလမ်း မိုင်တိုင်အမှတ်(၄)မိုင် (၅)ဖာလုံအနီးနေရာနှင့် ပလ္လင်ကြိုးဝိုင်းအတွင်းတို့မှ တရားမဝင် ကညင်သစ် (၁၆)လုံး (၁၉)တန်၊ ထွန်စက် (၃)စီး၊ လက်ကိုင်စက်လွှ(၁)လက်နှင့်အတူ တရားခံ(၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံ အားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, July 28, 2020 - 09:45