ယင်းမာပင်မြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၅-၇-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယင်းမာပင်မြို့နယ်၊ တရော်ကျင်း ကျေးရွာအနီး၊ ကျောက်တွင်းကွင်းတောလမ်း၊ မော်တော်ယာဉ် အမှတ် (MDY-6M/2252) (LIFAN A6 DUMP TRUCK၊ ၆ဘီး၊ အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၃၂)ချောင်း (၂)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, July 28, 2020 - 10:00