ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်-တံတားဦးသွားကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၈-၇-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်-တံတားဦးသွားကားလမ်း၊ ဒွေးလှကျေးရွာ၊ တံတားသစ်အနီးနေရာ၌ မော်တော်ယာဉ်အမှတ်(MDY 3N/4591) TOYOTA HIACE (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၄၀)ချောင်း (၂)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, August 4, 2020 - 15:30