သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်-ရေးကားလမ်းပေါ်မှ မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ
၁၂-၈-၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်/သထုံခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သံဖြူဇရပ်မြို့နယ်၊ ဝဲခမိတ်ကျေးရွာ၊ သံဖြူဇရပ်-ရေးကားလမ်းမိုင်တိုင်အမှတ်(၅၇/၃)နေရာ၌ မော်တော်ယာဉ်အမှတ်(YGN 2I/2978) HINO (၆)ဘီး(အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ကတွတ်ခွဲသား (၄၂)ချောင်း (၃)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/117444975_2751883435047216_8551264265009887232_o.jpg?itok=SedGlyjh)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/117361239_2751883465047213_7004185325620073339_o.jpg?itok=BWjlPupE)
date:
Friday, August 14, 2020 - 11:30