သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား KOICA Maynmar Office မှ Senior Deputy Representative ဖြစ်သူ Mr. Kim Jihoon ၊ Agriculture Specialist ဖြစ်သူ Mr. Bae Do Chan နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၁၃-၈-၂၀၂၀) ရက်နေ့၊ (၁၅:ဝဝ)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား KOICA Maynmar Office မှ Senior Deputy Representative ဖြစ်သူ Mr. Kim Jihoon ၊ Agriculture Specialist ဖြစ်သူ Mr. Bae Do Chan နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ “မဲခေါင်-ကိုရီယား ဇီဝမျိုးစုံမျိုးကွဲစင်တာအား မြန်မာနိုင်ငံ၌ တည်ထောင်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်း (၂၀၂၁-၂၀၂၆)” ဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးခဲ့ပါသည်။

date: 
Friday, August 14, 2020 - 14:45