မင်းကင်းမြို့နယ်၊ မောက္ကတောကျေးရွာအနီးဝန်းကျင်နေရာများတွင် တရားမဝင်သစ်စက်(၁)လုံးနှင့် တရားမဝင်သစ် များ ဖမ်းဆီးရမိ

၁၃-၈-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့သည် မင်းကင်းမြို့နယ်၊ မောက္ကတောကျေးရွာအနီးဝန်းကျင်နေရာများ၌ ချန်ချိုင်း (၂၅)ကောင်အင်ဂျင်(၁)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင် သစ်ယာ/ကညင်/အင်သစ်/ ခွဲသား/ ခွဲခြမ်း (၃၀၅)လုံး/ချောင်း/ခြမ်း (၄၉)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်း မရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, August 17, 2020 - 15:30