ပေါက်ခေါင်းမြို့နယ်အတွင်း တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၃-၈-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်လှိုင် ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၅၀)၊ မိုင်တိုင်အမှတ်(၅၃/၅)နှင့် (၅၃/၆)အကြား၊ ယာဉ်အမှတ်၊ BGO (9K/8965)GOVZCT FAW၊ အနီရောင်နှင့် MDY (5M/4701)GOVZCT FAW အဖြူရောင် တို့ပေါ်မှ တရားမဝင် ကျွန်းသစ်ခြမ်း/ခွဲသား (၇၄)ခြမ်း/ချောင်း(၉)တန်အား ဖမ်းဆီးရေး အဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံ များအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါ သည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/117679363_2755129628055930_6714507232642603237_o.jpg?itok=2zhXdDJj)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/117388074_2755129688055924_7764772070246129374_o.jpg?itok=szrQJ2J-)