ကျွန်းစုမြို့နယ်အတွင်း စက်လှေ(၂)စီးနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၇-၈-၂၀၂၀ ရက်နေ့တွင် တိုက်ရေယာဉ်(၁၁၄)မှ ဗိုလ်ကြီးဇင်ဘိုဘိုထွန်း ဦးစီးသော တပ်မတော်သားအဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကတန်ကျွန်းအနောက်တောင်ဘက်ကမ်းခြေနေရာ၌ စက်လှေ(၂)စီးပေါ်မှ တရားမဝင်ကဒွတ်/တောင်လန်းဖဲခွဲသား (၁၇၄)ချောင်း (၁၅)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျွန်းစုမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံလာ၍ တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, August 20, 2020 - 12:00