သပိတ်ကျင်းမြို့နယ်၊ ဒေသအခေါ် လယ်ကြီးစခန်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉-၈-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကြာညှပ်ဘိနယ်၊ ဧရာဝတီမြစ်အနောက်ဘက်လမ်း၊ လယ်ကြီးစခန်းမှ တရားမဝင် ကညင်သစ်(၁၅)လုံး (၄၆)တန်ခန့်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, August 24, 2020 - 14:15