ပေါက်ခေါင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ
၂၁-၈-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ခေါင်းဆောင် သော သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ တောင်နဝင်းကြိုးဝိုင်းအကွက်အမှတ်(၂၈)နှင့် ခပေါင်းကြိုးဝိုင်း အကွက်အမှတ်(၄၉)အတွင်းတို့မှ တရားမဝင် ကျွန်း သစ်/ခွဲသား (၅၈)လုံး/ချောင်း (၁၀)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/118270691_2761367037432189_6810471190949692830_o.jpg?itok=BKbjQjrv)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/118210362_2761367010765525_749836030809783595_o.jpg?itok=C1N6V2pJ)
date:
Tuesday, August 25, 2020 - 10:15