မုံရွာမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၃-၈-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူး ပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာမြို့နယ်၊ အမြင့်ကျေးရွာ ချင်းတွင်းမြစ်ကမ်း တရားမဝင် အင်သစ်/အင်ခွဲသား/လုံးပတ်(၃)ပေအောက် (၁၂၀)လုံး/ချောင်း (၅၀)တန်ခန့်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/117843092_2762100134025546_6463212011008791544_n.jpg?itok=PgeQuN5H)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/117826796_2762100114025548_5705114362488651322_n.jpg?itok=lnoon30n)
date:
Thursday, August 27, 2020 - 14:00