ကနီမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၈-၈-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ဘုတလင်မြို့နယ်နှင့် ကနီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ သပြေတောရွာအောက်ဘက်၊ ပလူဇဝကျေးရွာမှ ကျောက်မီးသွေးများ တင်ဆောင်လာသော စက်လှေ(၂)စီးပေါ်မှ တရားမဝင် ကျွန်း/ကညင်/အင်သစ်လုံး/ခွဲသား (၁၅)တန်အား ဖမ်းဆီးရမိခဲ့ပြီး၊ ၎င်း စက်လှေများအား စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့ရာ ရပ်တန့်ပြီးချိန်တွင် စက်လှေပေါ်မှ ပါရှိသူများ ထွက်ပြေး တိမ်းရှောင်သွားပါသဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 1, 2020 - 11:00