ပွင့်ဖြူမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၉-၈-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပွင့်ဖြူမြို့နယ်၊ ရေယာဉ်ကျေးရွာ၊ အနောက်မြောက်ဘက်(၂)ဖာလုံခန့်အကွာ၊ မုန်းချောင်းအနီးတွင် တရားမဝင် နဘဲ/သန်း/ဒီးဒူး/ခွဲသား၊ လုံးပတ်(၃)ပေအောက် ဒဟတ်/သန်း/ ဇောင်းပလွေး/ဒီးဒူး/နဘဲ/လိန်သစ်လုံး (၂၅၇)လုံး/ချောင်း (၉)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 1, 2020 - 11:00