မင်းကင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၁-၈-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သရက်တိုချောင်းဝ ချင်းတွင်းမြစ်အတွင်း တရားမဝင် ကျွန်း/အင်/သတီ/သပြေ/ထောက်ကြံ့သစ်ခွဲသား (၂၄၅)ချောင်း (၉)တန်နှင့် သစ်စက်အင်ဂျင်(၂) လုံး၊ ရွာသစ်ကုန်းရွာဆိပ်ကမ်း ချင်းတွင်းမြစ်အတွင်း တရားမဝင် အင်သစ်၊ လုံးပတ်(၃)ပေအောက် ပျဉ်းကတိုး/ သစ်ယာ/အင်သစ် (၅၇)လုံး (၁၀)တန်နှင့် တာယာဘီးတပ်လှည်း(၂)စီး၊ ရွာသစ်ကုန်းရွာ၏ တောင်ဘက်နှင့် မြေခြားရွာ၏အနောက်မြောက်ဘက် (၂)ဖာလုံခန့်အကွာ ချင်းတွင်းမြစ်ဘေးမှ တရားမဝင် ကျွန်း/အင်/ကညစ်သစ်၊ လုံးပတ်(၃)ပေအောက်အင်သစ် (၃၇)လုံး (၁၅)တန် စုစုပေါင်း တရားမဝင်သစ် (၃၃၉)လုံး/ချောင်း (၃၄)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, September 2, 2020 - 10:00