မင်းကင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၁-၈-၂၀၂၀ ရက်နေ့မှ ၁-၉-၂၀၂၀ ရက်နေ့တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ မောက္ကတောကျေးရွာအနီး၊ စမြင်ကြီးချောင်းဘေး၊ သံပေါက်ရွာအနီး၊ ရွှေပန်းချောင်းဘေး သံပေါက်ရွာအနီး၊ မြောင်းဇင်းချောင်းဘေးနှင့်စမြင်ငယ်ချောင်းဘေးနေရာတို့၌ တရားမဝင်ကျွန်း/ ပျဉ်းကတိုး/အင်/ကညင်/ သစ်ယာ/ ဖန်ခါး/ ထောက်ကြန့်သစ်/ ခွဲခြမ်း/ခွဲသား(၁၁၁၀)လုံး/ခြမ်း/ချောင်း(၈၃)တန်၊ ချိန်းဆော(၁)လုံးတို့ အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, September 3, 2020 - 15:30