မြင်းမူမြို့နယ်(တွဲဘက်) မြောင်မြို့နယ်၊ ရွှေတချောင်းကျေးရွာနှင့် ကျောက်တန်းကျေးရွာကြား၊ ချင်းတွင်းမြစ်ကမ်းတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်မှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြင်းမူမြို့နယ်(တွဲဘက်) မြောင်မြို့နယ်၊ ရွှေတချောင်းကျေးရွာ နှင့် ကျောက်တန်းကျေးရွာကြား၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းနေရာ၌ တရားမဝင်ထောက်ကြံ့/လက်ပံ/ သဒီ/နဘဲ/သပြေခွဲသား (၁၀၃)ချောင်း (၆)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, September 7, 2020 - 11:15