သစ်တောဦးစီးဌာနသို့ကိုရီးယားအမျိုးသားသစ်တောဥယျာဉ် (Korea National Arboretum)နှင့်အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း၊အထွေထွေအတွင်းရေးမှူးရုံး (AFoCO Secretariat)တို့က ပါးစပ်/နှာခေါင်းစည်း(mask)နှင့်ကွန်ပျူတာများပေးအပ်လှူဒါန်းခြင်းအခမ်းအနား

၇-၉-၂၀၂၀ (တနင်္လာနေ့)၊ နံနက်(၁၁:၀၀)နာရီ၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသို့ ကိုရီးယားအမျိုးသား သစ်တောဥယျာဉ် (Korea National Arboretum) နှင့် အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း၊ အထွေထွေ အတွင်းရေးမှူးရုံး (AFoCO Secretariat)တို့က ပါးစပ်/ နှာခေါင်းစည်း (mask) နှင့် ကွန်ပျူတာများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)တွင် ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr Lee Sang Hwa က ပါးစပ်နှင့် နှာခေါင်းစည်း (KF-80 masks) ၄၀၀၀ ခု နှင့် ကွန်ပျူတာအလုံး ၅၀ ကို လှူဒါန်းခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကိုယ်စား မြန်မာ့ သစ်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးစောဂျွန်ရွှေဘက လက်ခံရယူခဲ့ပြီး အလှူရှင်များ ဖြစ်သည့် ကိုရီးယား အမျိုးသား သစ်တောဥယျာဉ် (Korea National Arboretum) နှင့် အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း အထွေထွေအတွင်းရေးမှူးရုံး(AFoCO Secretariat) တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr Lee Sang Hwa နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။

date: 
Monday, September 7, 2020 - 14:45