မူဆယ်မြို့နယ်၊ ရထိုက်လမ်းဆုံ၊ ကောင်းမှုတုံရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေး မော်တော်ယာဉ် (၅)စီးပေါ်မှ တရားမဝင်မီးသွေးအိတ်များဖမ်းဆီးရမိ

၄-၉-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ ရထိုက်လမ်းဆုံ၊ ကောင်းမှုတုံရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေး မော်တော်ယာဉ် (၅)စီးပေါ်မှ တရားမဝင် မီးသွေး (၅၆၀)အိတ် (၆၀)တန်အား တရားခံ(၈)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, September 8, 2020 - 10:00