ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ကြိုးဝိုင်းအကွက်အမှတ်(၉၄)နှင့် ရဲနွယ်တိုးချဲ့ကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်များဖမ်းဆီးရမိ

၄-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အမှတ်(၂၀)ခြေမြန်တပ်ရင်းညောင်လေးပင်မှ တပ်မတော်သားများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ကြိုးဝိုင်းအကွက်အမှတ်(၉၄)နှင့် ရဲနွယ်တိုးချဲ့ကြိုးဝိုင်း၊ ဒေသအခေါ်တောင်စကားပင်ပေါက်ရေဆိပ်၊ ဒေသအခေါ် ကျောက်လုံးကြီးပေါက်၊ ဒေသအခေါ် ငါးရံ့ချောင်းပေါက်၊ ဒေသအခေါ် ချောင်းခွ၊ ဒေသအခေါ် တာဆွာပေါက်အနီးမှ တရားမဝင် ကျွန်းခွဲသား (၄၅)ချောင်း (၃)တန်၊ မီးသွေး(၅၆၈)အိတ် (၆၁)တန်၊ စက်လှေ(၂)စီးနှင့်ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 8, 2020 - 10:00