ကနီမြို့နယ်၊ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် သစ်များဖမ်းဆီးရမိ

၅-၉-၂၀၂၀ ရက်နေ့တွင် ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အလောင်းတော်က ဿပအမျိုးသားဥယျာဉ်မှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်း မုံရွာ-ယာကြီး-ကလေးဝကားလမ်း(၅၆) မိုင်အနီး မော်တော်ယာဉ်အမှတ် YGN 4I/5908 TOYOTA (အန်စာတုံးအဖြူးရောင်)ယာဉ်(၁)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁၅)ချောင်း (၂)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ် သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 8, 2020 - 10:15