မတ္တရာမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၅-၉-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ္တရာမြို့နယ်၊ မြစ်ကမ်းကျေးရွာအုပ်စု၊ မြို့ဒင်ကျေးရွာ၏ အနောက်တောင်ဘက်(၁) မိုင်ခွဲခန့်အကွာတောစပ်နေရာနှင့် အနောက်တောင်ဘက် (၂)မိုင်ခန့်အကွာတောစပ်နေရာ၌ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အင်သစ်/ခွဲသား (၁၁၅)လုံး/ချောင်း (၁၇)တန်၊ လွှဝိုင်း(၁)ဝိုင်း၊ ဒလိမ့်တုံး(၂)ခုနှင့်အတူ ဖမ်းဆီးရမိခဲ့ရာ ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/118800693_2773512592884300_4651327890654872374_n.jpg?itok=H3zUGj14)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/118895633_2773512676217625_4049525349574626853_o.jpg?itok=1doP_k_t)