ကသာမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၉-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ကသာမြို့နယ်၊ အလယ်ရွာရေဆိပ်အနီး၊ ရွှေလီမြစ်ဘေး၊ ဖုန်းကုန်းကျေးရွာအနောက်ဘက်(၁)မိုင်ခန့်အကွာ ဧရာဝတီမြစ်ဘေး၊ သက္ကယ်ကျင်းကျေးရွာအနီး၊ ရွှေလီမြစ်ဘေးနေရာတို့၌ တရားမဝင်ကျွန်းသစ်(၆၇)လုံး (၁၁)တန်နှင့် (၃)ပေအောက်ကျွန်းသစ်(၁၃)လုံး (၂)တန်တို့အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, September 14, 2020 - 10:00