ရမည်းသင်းမြို့နယ်၊ ဆားကျင်းကျေးရွာအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၃-၉-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ ဆားကျင်းကျေးရွာ၏ မြောက်ဘက်(၁)မိုင်ခန့်အကွာနေရာ၌ မော်တော်ယာဉ်အမှတ် (YGN 6J/6617) MITSUBISHI Canter (၆)ဘီး(အနီရောင်) ယာဉ်ပေါ်မှ တရားမဝင်ဒီဒူး(၃)ပေအောက်သစ်(၃၁)လုံး (၂)တန် အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, September 17, 2020 - 14:45