မုံရွာမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၄-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောပူးပေါင်းအဖွဲ့သည် မုံရွာမြို့နယ်၊ စက်မှုဇုန်ရပ်ကွက်၊ နယ်မြေ(၂)၊ (၃၄)လမ်းတွင် မော်တော်ယာဉ်အမှတ် (AYY 6N/3758) နံပါတ်နီတပ်ဆင်ထားသော HYUNDAI STAREX အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၄၇)ချောင်း (၁)တန်ခန့်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, September 17, 2020 - 14:45