ရေဖြူမြို့နယ်၊ ရေး- ထားဝယ်ကားလမ်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၄-၉-၂၀၂၀ ရက်နေ့တွင် ခ.လ.ရ(၂၅)မှ တပ်ရင်းမှူးဦးဆောင်သော တပ်မတော်သားများအဖွဲ့သည် ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်း မိုင်တိုင်(၅၁/၂)မှ နတ်အိမ်တောင်သွားကားလမ်းအတွင်း (၁၅)မိုင်ခန့်အကွာ၊ လမ်း၏အရှေ့ဘက် ကိုက်(၁၀၀)ခန့်အကွာနေရာတွင် တရားမဝင် ကတွဒ်ခွဲသား(၂၄)ချောင်း (၃)တန်အား ဖမ်းဆီးရမိခဲ့ပြီး ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲအပ်လာပါသဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, September 17, 2020 - 14:45