မြစ်ကြီးနားမြို့နယ်၊ (၂၁)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၄-၉-၂၀၂၀ ရက်နေ့တွင် (၂၁)မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာပူးပေါင်း ဖမ်းဆီးရေးအဖွဲ့များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ မန္တလေး- မြစ်ကြီးနားသွားကားလမ်း (၂၁)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်အမှတ် (SGG 6K/2544) NISSAN DIESEL အမျိုးအစား (၁၂)ဘီး ပြာ/စိမ်း/ဝါရောင်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံခါးရွက် အစိတ်အပိုင်းဆိုဒ်စုံ(၁၃၄၁)ချောင်း (၃)တန်ခန့်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, September 17, 2020 - 14:45