ကျောက်ဖြူမြို့နယ်၊ အမ်းမြစ်အတွင်း သစ်သားကိုယ်ထည်စက်လှေ(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ
၁၅-၉-၂၀၂၀ ရက်နေ့တွင် ဗိုလ်ကြီးဇင်ကျော်ကိုကိုဦးစီးသော တပ်မတော်သားများအဖွဲ့သည် ကျောက်ဖြူမြို့နယ်၊ အမ်းမြစ်အတွင်း သစ်သားကိုယ်ထည်စက်လှေ(၁)စီးပေါ်မှ တရားမဝင်နဘဲ/သစ်ဖြူခွဲသား (၁၃၇)ချောင်း (၁၂)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျောက်ဖြူမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲအပ်လာပါသဖြင့် တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/119706674_2782925308609695_844234258184524753_o.jpg?itok=wUZ03upR)
date:
Tuesday, September 22, 2020 - 13:45