မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကြိုးဝိုင်းအတွင်း ဆင်အရေပြားများဖမ်းဆီးရမိ

၁၇-၉-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကြိုးဝိုင်းအကွက်(၅၀)ဒေသအခေါ် ရွှေလရောင်လမ်းနေရာ၌ ဆင်အရေပြား (၁၀၉)ချပ် (၂၇)ပိဿာအား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 22, 2020 - 14:00