ဘုတလင်မြို့နယ်၊ ရွှေစာရေးကျေးရွာအနီးတွင် တရားမဝင်သစ်များဖမ်းဆီးရမိ

၁၇-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများသည် ဘုတလင်မြို့နယ်၊ ချင်းတွင်းမြစ် အတွင်း၊ ရွှေစာရေးကျေးရွာအနီးတွင် တရားမဝင် အခြားသစ်ခွဲသားမျိုးစုံ (၁၂)တန်ခန့်၊ မော်တော်(၁)စီးနှင့်အတူ တရားခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 22, 2020 - 14:00