ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆော-ပခုက္ကူကားလမ်းဆုံတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ကျွန်းခွဲသားများ ဖမ်းဆီးရမိ

၁၇-၉-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆော-ပခုက္ကူ ကားလမ်းဆုံ၊ မိုင်တိုင်အမှတ်(၁၀/၂)နေရာ၌ မော်တော်ယာဉ်အမှတ် (YGN 4L/5946) HONDA AIRWAVE (ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၁၀၃)ချောင်း (၀.၅၃၆၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး တရားခံအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 22, 2020 - 15:00