တောင်ကုတ်မြို့နယ်၊ ကလိန်တောင်မြစ်အတွင်း စက်လှေ(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၇-၉-၂၀၂၀ ရက်နေ့တွင် တပ်မတော်(ရေ)မှ ဗိုလ်ကြီးတင်မျိုးအောင်ပါ တပ်မတော်သားများအဖွဲ့သည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကလိန်တောင်မြစ်အတွင်း သစ်သားကိုယ်ထည်စက်လှေ(၁)စီးပေါ်မှ တရားမဝင်ကညင်/စကားခွဲသား (၁၉၈)ချောင်း (၄၃.၇၆၄၂)တန်အား တရားခံ(၆)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တောင်ကုတ်မြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံလာပါ၍ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 22, 2020 - 15:15