ဂန့်ဂေါမြို့နယ်၊ ကျောမြို့၊ လယ်ဓမ္မကျေးရွာအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၈-၉-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂန့်ဂေါမြို့နယ်၊ ကျောမြို့၊ လယ်ဓမ္မကျေးရွာ၏ အရှေ့ဘက်(၁)မိုင်ခန့်အကွာ ဂန့်ဂေါ-ပုလဲ ကားလမ်းမိုင်တိုင်အမှတ်(၆၉/၇)အနီးနေရာ၌ မော်တော်ယာဉ်အမှတ် (SHN 4C/2473) DONG FENG အနီရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်း/ပျဉ်းကတိုး/အင်ကြင်းခွဲသား (၄၀)ချောင်း (၄)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 22, 2020 - 15:15