ပဲခူးမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ရွှေသံလွင်တိုးဂိတ်တွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၁၉-၉-၂၀၂၀ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးမောင်မောင်ဦးပါ ရဲတပ်ဖွဲ့ဝင်များ၊ အထူးစုံစမ်းစစ်ဆေးရေးဌာနမှ ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့ဝင်များနှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သောအဖွဲ့သည် ပဲခူးမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၆၁/၇)နှင့် (၆၂/၀)ကြား ရွှေသံလွင်တိုးဂိတ်နေရာ၌ မော်တော်ယာဉ်အမှတ် (YGN 1B/7428) NISSAN Diesel (၆)ဘီးအစိမ်းရောင်ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၄၄)ချောင်း (၁၃)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, September 22, 2020 - 15:30