ပဲခူးမြို့နယ်၊ မဒေါ့မြောင်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများပါဝင်သော တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးထုတ်သယ်ဆောင် ရောင်းဝယ်မှုမရှိစေရေးအတွက် ရှာဖွေဖော် ထုတ်ဖမ်းဆီးလျက်ရှိရာ ပဲခူးမြို့နယ်၊ မဒေါ့မြောင်အတွင်းမှ တရားမဝင် ဆိတ်ချေး/သစ်ဖြူ/နဘဲ/ သစ်ဆိမ့်/ဖန်ခါး/ပျဉ်းမ/ကျွန်း/မျောက်ငိုသစ် (၂၅)လုံး (၉)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါ သည်။

date: 
Tuesday, September 22, 2020 - 15:30