မင်းကင်းမြို့နယ်၊ ယုံသာ-ပျဉ်းကိုင်းကျေးရွာချင်းဆက်ကားလမ်းတွင် တာယာဘီးတပ်လှည်း(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းကင်းမြို့နယ်၊ ယုံသာ-ပျဉ်းကိုင်းကျေးရွာချင်းဆက်ကားလမ်း၊ မိုင်တိုင်အမှတ်(၃၀/၃)လမ်းဘေးနေရာ၌ တာယာဘီးတပ်လှည်း(၂)စီး နှင့် တရားမဝင်အင်သစ်(၂၀)လုံး (၅)တန်၊ လိမ္မော်ရောင်ချိန်းဆော(၁)လက်တို့အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 22, 2020 - 15:30