ကသာမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ ပျဉ်ထောင်လေးကျေးရွာအနီး၊ရွှေလီမြစ်အတွင်းနှင့်ကျောက်တောင်ကြိုးဝိုင်းအကွက်(၁၀)အတွင်းနေရာများမှ တရားမဝင်ကျွန်း/ သစ်ယာ/ ပျဉ်းမ/ ဖန်းခါးသစ်(၃၃)လုံး(၆.၁၃)တန်နှင့် (၃)ပေအောက်ကျွန်းသစ်(၅)လုံး (၀.၃၈၂) တန် စုစုပေါင်း(၆.၅၁၂)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 22, 2020 - 15:30