စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း- မန္တလေးသွားကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၂-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာရာအိမ်မှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း- မန္တလေးသွားကားလမ်း ရတနာပုံတံတားထိပ်၊ စစ်ကိုင်းဘက်ခြမ်း တံတားရဲကင်းအလွန်တွင် မော်တော်ယာဉ်အမှတ် (SHN 7F/8814) NISSAN၊ အဖြူရောင် (၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် အင်ခွဲသား(၁၃၈)ချောင်း (၆.၅၃၉၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, September 28, 2020 - 13:15