မင်းကင်းမြို့နယ်အတွင်း တရားမဝင်သစ်စက်၊ လွှစင်များနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၂၃-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်ကျေးရွာအတွင်း နေအိမ်ခြံဝန်းအတွင်း၊ လောင်းပြည့်ကျေးရွာအထက်ဘက် (၁)ဖာလုံခန့်အကွာ ချင်းတွင်းမြစ်အတွင်းနှင့် မြောင်းဇင်းရွာအနီး ပတ်ဝန်းကျင်နေရာများမှ သစ်စက်စပ်ဆက်ပစ္စည်း(၄)မျိုး၊ မီးစက်(၁)လုံး၊ ချိန်းဆော(၂)လုံး၊ တာယာဘီးတပ်လှည်း(၂)စီး၊ လွှစင်(၃)စင်၊ တရားမဝင်ကျွန်း/အင်/ကညင်သစ်/ ခွဲသား/ ခွဲခြမ်း/ပကာ (၈၆၀)လုံး/ချောင်း/ခြမ်း (၄၀.၈၁၂၈)တန်၊ (၃)ပေအောက်ကျွန်း/သစ်ယာသစ်(၆၀)လုံး (၃.၂၄)တန် စုစုပေါင်း (၄၄.၀၅၂၈)တန်အား တရားခံ(၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, September 28, 2020 - 15:00